Frequently Asked
Questions

Everything you need to know about how Thitsar Guardian Security works — coverage, staffing, onboarding, and pricing — before you get in touch.

Thitsar Guardian Security ၏ ဝန်ဆောင်မှုနယ်ပယ်၊ ဝန်ထမ်းစီစဉ်မှု၊ လုပ်ငန်းစတင်ခြင်းနှင့် ကုန်ကျစရိတ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆက်သွယ်မမေးမြန်းမီ ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

Services & Coverage
ဝန်ဆောင်မှုနှင့် နယ်ပယ်

We are currently based in Yangon Region, with regular service delivery already extending to nearby townships. We are actively expanding coverage to other major cities across Myanmar.

TGS အနေဖြင့် လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း အဓိကထား ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ နောက်ပိုင်းတွင် မြို့ကြီးများသို့ပါ ဝန်ဆောင်မှု တိုးချဲ့ရန် ရှိပါသည်။

Alongside Physical Security, we currently provide Bodyguard Service, Strategic Intelligence Risk Reporting, Personal Risk Intelligence Service (PRIS), and TGS Shield.

TGS အနေဖြင့် လက်ရှိတွင် Physical Security, Bodyguard Service, Strategic Intelligence Risk Reporting, Personal Risk Intelligence Service (PRIS) နှင့် TGS Shield စသည့် ဝန်ဆောင်မှုများကိုပါ ဆောင်ရွက်လျက်ရှိပါသည်။

We currently provide security for factories, industrial sites, corporate offices, schools, and standalone condominiums.

လက်ရှိတွင် စက်ရုံများ၊ အလုပ်ရုံများ၊ Company များ၊ ကျောင်းများနှင့် လုံးချင်းကွန်ဒိုများတွင် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

We serve organizations across manufacturing, banking, hospitality, logistics, NGOs and INGOs, construction, energy, telecommunications, retail, and international organizations operating in Myanmar. See our Industries page for sector-specific detail.

စက်မှုထုတ်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်၊ logistics၊ NGO/INGO၊ ဆောက်လုပ်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများအပါအဝင် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအမျိုးမျိုးကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ အသေးစိတ်ကို Industries စာမျက်နှာ တွင် ကြည့်ရှုနိုင်ပါသည်။

Yes. Thitsar Guardian Security Services Co., Ltd. operates as a registered security services company based in Yangon, providing integrated physical, intelligence, and cyber security solutions to businesses across Myanmar.

ဟုတ်ကဲ့ပါ။ Thitsar Guardian Security Services Co., Ltd. သည် ရန်ကုန်အခြေစိုက် မှတ်ပုံတင်ထားသည့် security company တစ်ခုဖြစ်ပြီး၊ Physical Security၊ Intelligence နှင့် Cyber Security ဝန်ဆောင်မှုများကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ လုပ်ငန်းများအတွက် ပေးအပ်လျက်ရှိပါသည်။

Our primary strength is an intelligence-led approach. Rather than only reacting to incidents, we use ongoing intelligence gathering to help clients anticipate risk before it affects operations — combining physical security, personnel risk intelligence, and cyber protection under one integrated service.

ကျွန်ုပ်တို့၏ အဓိကအားသာချက်မှာ Intelligence-Led Approach ဖြစ်ပါသည်။ ဖြစ်ပျက်ပြီးမှ တုံ့ပြန်မည့်အစား၊ ဆက်တိုက်လေ့လာသည့် Intelligence ကို အသုံးပြု၍ လုပ်ငန်းလည်ပတ်မှု မထိခိုက်မီ အန္တရာယ်ကို ကြိုတင်သိရှိစေရန် ကူညီပေးပါသည် — Physical Security၊ Personnel Risk Intelligence နှင့် Cyber Protection သုံးရပ်ကို ပေါင်းစပ်ပေးထားသည့် ဝန်ဆောင်မှုတစ်ခုတည်းဖြစ်ပါသည်။

Getting Started & Pricing
လုပ်ငန်းစတင်ခြင်းနှင့် ကုန်ကျစရိတ်

Our standard staffing model is 6 working days with 1 rest day per week, with 12-hour duty shifts. Each site is staffed with a minimum of 3 guards to cover day and night duty.

TGS ၏ စံသတ်မှတ်ချက်မှာ တစ်ပတ်လျှင် ၆ ရက်အလုပ်၊ ၁ ရက်နားရက်ဖြစ်ပြီး၊ တစ် Duty လျှင် ၁၂ နာရီနှုန်းဖြင့် Site တစ်ခုလျှင် အနည်းဆုံး နေ/ည ၃ ယောက်ဖြင့် ဝန်ဆောင်မှုပေးပါသည်။

After an initial site survey with our Operations and Sales teams, we issue an official proposal within 3 business days. Once a contract is signed, service typically begins within 30 days, with on-site training conducted 1 day before your assigned start date.

TGS ၏ Operation Team နှင့် Sales and Marketing Team မှ Appointment and Survey ပြုလုပ်ပြီးနောက် ၃ ရက်အတွင်း Official Proposal ပေးပို့ပါသည်။ ထို့နောက် လုပ်ငန်းသဘောတူပါက စာချုပ်ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း ၃၀ အကြာတွင် လုပ်ငန်းနေရာသို့ စတင်တာဝန်ထမ်းဆောင်ပါသည်။ သတ်မှတ်ရက်မတိုင်မီ ၁ ရက်ကြိုတင်၍ On Site Training ပြုလုပ်ပေးပါသည်။

Every proposal outlines TGS's scope of service, position responsibilities, guard fee comparisons, uniform options, and guard rank structure — giving you full visibility before you commit.

Proposal တွင် TGS ၏ ဝန်ဆောင်မှု၊ လုပ်ငန်းမှတ်ချက်၊ တာဝန်ယူမှုများနှင့် လုံခြုံရေးဝန်ထမ်း နှုန်းထား၊ ယူနီဖောင်း ရွေးချယ်စရာနှင့် Guard Rank များ ပြည့်စုံစွာ ဖော်ပြပါသည်။

No deposit is required. Fees are billed monthly based on actual service usage. For example, August's service is invoiced by 25 August, with payment due by 10 September.

TGS အနေဖြင့် ကြိုတင်ငွေ Deposit ကို လုံးဝ မကောက်ခံပါ။ လစဉ်ဝန်ဆောင်ခအား အသုံးပြုမှုအရ ရသည့်ပုံစံဖြင့် ကောက်ခံပါသည် (ဥပမာ - August လအတွက် ဝန်ဆောင်ခအား August လ ၂၅ ရက်နေ့တွင် Invoice ပေးပို့ပြီး Client မှ September ၁၀ ရက်နေ့ နောက်ဆုံးထား၍ ပေးသွင်းရပါသည်)။

Contact our team via phone, email, or the form on this page. We'll arrange a site survey, and you'll receive a formal proposal within 3 business days — with no obligation until you're ready to proceed.

ဖုန်း၊ Email သို့မဟုတ် Contact Form မှတစ်ဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်။ Site Survey စီစဉ်ပေးပြီး ၃ ရက်အတွင်း တရားဝင် Proposal ပေးပို့ပါမည် — သဘောတူညီမှုမရှိမချင်း မည်သည့်တာဝန်ဝတ္တရားမျှ မရှိပါ။

Still have questions?

မေးခွန်းများ ရှိသေးပါသလား။

Our team responds within 24 hours — reach out for a tailored answer.

ကျွန်ုပ်တို့၏ Team မှ ၂၄ နာရီအတွင်း ပြန်လည်ဆက်သွယ်ပါမည် — ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Contact Us